ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင်က နာမည်မရှိဘဲ “81” လို့ပဲ ခေါ်တဲ့ စစ်သားတစ်ယောက် (Alan Ritchson) ပါ။သူက အာဖဂန်နစ္စတန်စစ်ပွဲမှာ သူ့ညီဖြစ်သူ သေဆုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာရနေတဲ့သူပေါ့။ ညီဖြစ်သူရဲ့ ဆန္ဒဖြစ်တဲ့ အမေရိကန် Army Ranger အထူးတပ်ဖွဲ့ဝင်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့သူကိုယ်တိုင် ဝင်ရောက်အရွေးခံပါတယ်။ Ranger ဖြစ်ဖို့ နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ “Death March” လို့ခေါ်တဲ့ တောတွင်းစစ်ဆင်ရေးကို ဆင်းရတဲ့အချိန်မှာတော့ ထင်မှတ်မထားတာတွေ ဖြစ်လာပါတော့တယ်။ အဲဒီတောထဲမှာ သူတို့အဖွဲ့ဟာ ကမ္ဘာမြေပြင်က မဟုတ်တဲ့ ဧရာမ စက်ရုပ်ကြီးတစ်ကောင် နဲ့ သွားတိုးပါတော့တယ်။ အဲဒီနောက်မှာတော့ စစ်သင်တန်းဆင်းတဲ့ကားကနေ အသက်လုပြေးရ၊ ချရတဲ့ Survival ဇာတ်လမ်းအဖြစ် အရှိန်မြှင့်သွားပါတော့တယ်။
ယခုရုပ်ရှင်အား Homie TV မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်။
တိုက်ရိုက်ကြည့်ရှုနိုင်သောအချိန်ကာလသည် ယနေ့မှစ ၂ရက်တာဖြစ်ပါသည်။ ကြည့်ရှုရာတွင် ဗီဒီယိုကိုနှိပ်လိုက်ပါက ကြော်ငြာအရင်ပြပါလိမ့်မည် ကြော်ငြာပြပြီးနောက်စိတ်ကြိုက်ကြည့်ရှုနိုင်ပါပြီ
War Machine 2026 (IMDb Rating 6.9/10)