Killing Time 2026

Killing Time 2026 မြန်မာစာတန်းထိုး

“Killing Time” ဆိုတာကတော့ လူတွေကို ခြောက်လှန့်တဲ့ prank show တွေကို တိုက်ရိုက်ထုတ်လွှင့်ရင်း နာမည်ရလာတဲ့ Youtube Channel လေးပါ။ အီယွန်ဝူး (Ryu Hye-Young) နဲ့ ယွန်းဂျူဝန်း (Nam Yoon-Su) တို့ကတော့ အဲဒီချန်နယ်ရဲ့ မူလတည်ထောင်သူတွေပေါ့။ တစ်ရက် prank live လွှင့်ရင်း ရိုက်ကူးရေးအဖွဲ့ဝင်တစ်ဦး မတော်တဆ သေဆုံးသွားတာကစပြီး သူတို့ရဲ့ အောင်မြင်မှုက အောက်ခြေထိုးဆင်းသွားပြီး ချန်နယ်ကိုလည်း ခေတ္တခဏ ပိတ်ထားလိုက်ရပါတယ်။ ဒီလိုနဲ့ ၆ လအကြာမှာ Youtuber လောကထဲကို ပြန်လည် ခြေချနိုင်ဖို့အတွက်လူစိတ်ဝင်စားပြီး view အရများမဲ့ အမိုက်စား prank show လေး ထပ်ရိုက်ကြမယ်ဆိုပြီး ဂျူဝန်းက ယွန်ဝူးကို အကြံပြုလိုက်ပါတော့တယ်။ ဖြစ်ချင်တော့ သူတို့ သွားရိုက်ဖို့ စီစဉ်ထားတဲ့နေရာက စိတ်ကျန်းမာရေးဆေးရုံပျက်ကြီး ဖြစ်နေတဲ့အပြင် ခြောက်လှန့်ရိုက်ကူးဖို့ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ကလည်း မထင်မှတ်ဘဲ အဲဒီဆေးရုံမှာ တက်ဖူးတဲ့ စိတ္တဇလူသတ်သမား ဖြစ်နေတဲ့အခါမှာ…ရိုက်ကူးရေးအဖွဲ့သားတွေက ဒီဆေးရုံပျက်ကြီးထဲကနေ အသက်ရှင်လျက် ထွက်ခွာသွားနိုင်မလား…

©2026 KD247Tube WordPress Video Theme by WPEnjoy