Lovers of 6 Years 2008
Translated by Homietv
Streaming By KD247Tube
Jae-young နဲ့ Da-jin တို့ဟာ ချစ်သူသက်တမ်း ၆ နှစ်ရှိနေပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ် .. ဘေးချင်းကပ်လျက် တိုက်ခန်းမှာ နေထိုင်ကြပြီးတော့ Da-jin က စာအုပ်ထုတ်ဝေရေးကုမ္ပဏီတစ်ခုမှာ အယ်ဒီတာအနေနဲ့ အလုပ်လုပ်ကိုင်ပြီး Jae-young ကတော့ Home Shopping ရုပ်သံလိုင်းတစ်ခုမှာ ထုတ်လုပ်သူအနေနဲ့ အလုပ်လုပ်ပါတယ် .. သူတို့နှစ်ယောက်ဟာ တစ်ဦးအပေါ်တစ်ဦး အလွန်ရင်းနှီးကျွမ်းဝင်ပြီး အရာရာကို ပွင့်ပွင့်လင်းလင်း ရှိကြတာကြောင့် ချစ်သူသက်တမ်းကို ရေရှည်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ် .. တစ်နေ့မှာတော့ Jae-young က သူ့အပေါ် မှာ ပွင့်ပွင့်လင်းလင်း စိတ်ဝင်စားမှုကို ပြလာတဲ့ ဆွဲဆောင်မှုရှိတဲ့ အလုပ်သင်မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ် .. တစ်ဖက်မှာလည်း Da-jinက သူနဲ့ ဝါသနာချင်းတူတဲ့ ဆွဲဆောင်မှုရှိတဲ့ သရုပ်ဖော်ပန်းချီဆရာတစ်ဦးနဲ့ အလုပ်ကိစ္စကြောင့် ဆုံခဲ့ရာ Da-jin နှင့် Jae-young တို့ရဲ့ ရေရှည်ခိုင်မြဲခဲ့တဲ့ ဆက်ဆံရေးမှာအက်ကြောင်းတွေ စတင်ပေါ်ပေါက်လာခဲ့ပါတော့တယ် .. သက်တမ်းကြာလာတဲ့ ချစ်သူစုံတွဲကြားမှာ ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုအသစ်တွေနဲ့အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ခံစားကြည့်လိုက်ပါဦးနော် ..