Love Of South And North (2003)

Korean Movie

Translated by Homietv

Direct Streaming by KD247Tube

တောင်ကိုရီးယားနိုင်ငံက ပျော်ပျော်နေတတ်ပြီးအမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးရဲ့ သားဖြစ်သူ ဂင်ချောဆူ( Jo In-sung) နဲ့မြောက်ကိုရီးယားနိုင်ငံက ထူးချွန်ထက်မြက်ပြီး အရာရှိကြီးရဲ့သမီးဖြစ်သူ အိုယောင်းဟီ(Kim Sa-rang) တို့နှစ်ယောက်ဟာ တရုတ်ပြည် ယန်ပြန်ဒေသမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်ကို တူးဖော်ဖို့ သွားရောက်ရာကနေစတင်ဆုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပါတယ်။

မတူညီတဲ့ ဝါဒတွေ၊ တင်းကျပ်တဲ့ စည်းကမ်းတွေကြားကနေ သူတို့နှစ်ယောက်ကြားမှာမမျှော်လင့်ဘဲ သံယောဇဉ်ပန်းတွေ ပွင့်လန်းခဲ့ပါတယ်။ ဒါပေမဲ့ တောင်နဲ့မြောက်ကြားကနိုင်ငံရေး တံတိုင်းကြီးတွေကတော့ သူတို့ရဲ့ အချစ်အတွက် အတားအဆီးကြီးဖြစ်လာခဲ့ပါတယ်။

အချစ်ရဲ့ စွမ်းအားတွေဟာ အချိန်နဲ့ နေရာတွေကို ကျော်ဖြတ်နိုင်ကြောင်း သက်သေပြဖို့အတွက်ဂင်ချောဆူတစ်ယောက် မြောက်ကိုးရီးယားမြေပေါ်ကို ခြေချခဲ့ပါတော့တယ်။ သူ့တို့နှစ်ယောက်ရဲ့ အချိန်နဲ့ နေရာတွေကို ကျော်ဖြတ်နိုင်တဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်သွားမလဲ။ နိုင်ငံရေးနောက်ခံတွေ ပါဝင်နေပေမဲ့ ဇာတ်လမ်းကို အရွှန်းဖောက်ထားတဲ့ အခန်းလေးတွေနဲ့ပေါ့ပေါ့ပါးပါး တင်ဆက်ထားပြီး နယ်ခြားမျဉ်းဆိုတဲ့ အတားအဆီးကြောင့် ခံစားရတဲ့ အလွမ်း၊ အဆွေးနဲ့ စွန့်စားခန်းတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်

ယခုရုပ်ရှင်အား ဧပြီလ ၃၀ရက်နေ့အထိ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

KD247Tube တွင် တိုက်ရိုက်ကြည့်ရှုရန်ကိုသာ ဦးစားပေးပြသသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ယခုရုပ်ရှင်အားဒေါင်းယူလိုပါက သို့မဟုတ် Telegram တွင်တိုက်ရိုက်ကြည့် တိုက်ရိုက်ဒေါင်းယူလိုပါက အောက်ပါသက်ဆိုင်ရာနေရာများမှတစ်ဆင့်ဆက်သွယ်နိုင်ချိတ်ဆက်နိုင်ပါသည်

Latest

The Apartment Job 2026

The Apartment Job 2026

Series
July 12, 2026
Dear X 2025

Dear X 2025

Series
July 12, 2026
The Husband 2026

The Husband 2026

Series
July 12, 2026