Little Brother 2026

Little Brother 2026

Translated By Homietv

Streaming By KD247Tube

ရုပ်ရှင်အကျဉ်းချုပ်

ဇာတ်လမ်းကမင်းသားကြီး John Cena က ရပ်ဒ် (Rudd) ဆိုတဲ့ အလွန်အောင်မြင်နေတဲ့၊ စည်းကမ်းကြီးတဲ့ အိမ်ခြံမြေပွဲစား သူဌေးကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူ့မှာ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးရယ်၊ သပ်ရပ်သေချာတဲ့ ဘဝလေးတစ်ခုရယ် ရှိနေတာပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ မားကပ်စ် (Eric André သရုပ်ဆောင်သည်) ဆိုတဲ့ ကောင်တစ်ယောက် ရုတ်တရက် ရောက်လာပါတော့တယ်။

တကယ်တော့ မားကပ်စ် ဆိုတာ သူ့ရဲ့ သွေးသားရင်းချာ ညီအရင်း မဟုတ်ပါဘူး။ ရပ်ဒ် ဆယ်ကျော်သက်အရွယ်တုန်းက “Big Brother-Little Brother” ဆိုတဲ့ လူငယ်စောင့်ရှောက်ရေး အစီအစဉ်တစ်ခုမှာ သူနဲ့ တွဲဖက်ပေးခံခဲ့ရတဲ့ ကောင်လေးပါ။ ဒါပေမယ့် စိတ်ကျန်းမာရေးဆေးရုံကနေ ဆင်းလာတဲ့ မားကပ်စ်ကတော့ ရပ်ဒ်ကို သူ့ရဲ့ အစ်ကိုအရင်းကြီးလို့ကို ထင်နေတာပါ။ ရပ်ဒ်ရဲ့ ဇနီးသည်က သနားပြီး မားကပ်စ်ကို အိမ်မှာ ပေးနေလိုက်ရာကနေ၊ စည်းကမ်းကြီးတဲ့ ရပ်ဒ်ရဲ့ဘဝထဲကို ဂြိုလ်ဆိုးဝင်သလို ဗြောင်းဆန်သွားပါတော့တယ်။

ချုပ်ပြောရရင် “Little Brother” ဟာ အလုပ်ပိတ်ရက်မှာ ခေါင်းထဲဘာမှမထည့်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ အားရပါးရ ရယ်မောချင်သူတွေအတွက် အထူးသင့်လျော်တဲ့ ဇာတ်ကားပါ။ လူကြီးတွေအတွက် ရည်ရွယ်ထားတဲ့ ဟာသကားဖြစ်လို့ ကလေးတွေနဲ့ ကြည့်ဖို့တော့ လုံးဝ မသင့်တော်ပါဘူး။

Latest

The Law Cafe 2022

The Law Cafe 2022

Series
August 25, 2026
Spooky in Love 2026

Spooky in Love 2026

Series
August 23, 2026
Unstoppable 2018

Unstoppable 2018

Movies
August 23, 2026