Trasnlated By Homietv
Streaming By KD247Tube
ဇာတ်လမ်းကတော့ အတိတ်က နာကျင်စရာတွေကြောင့် မြေအောက်လက်ဝှေ့လောကကနေ အနားယူထားတဲ့ တိုက်ခိုက်ရေးသမားဟောင်းတစ်ယောက် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း သေဆုံးသွားလို့ နာရေးအတွက် မွေးရပ်မြေဆီ ပြန်ရောက်လာရာကနေ စတာပါ။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူရဲ့ သေဆုံးမှုဟာ သာမန်မဟုတ်ဘဲ နယ်မြေခံ မာဖီးယားဂိုဏ်းချုပ်ကြီးနဲ့ ပတ်သက်နေမှန်း သိလိုက်ရတဲ့အခါ သူငယ်ချင်းဖြစ်သူရဲ့ သား (သူ့ရဲ့ သားနတ်သား) နဲ့အတူ လက်တွဲပြီး မာဖီးယားဂိုဏ်းချုပ်ကြီးကို ပစ်မှတ်ထားတဲ့ အကြီးစား ဓားပြတိုက်မှုတစ်ခုကို စတင်ကြံစည်ပါတော့တယ်။
လက်စားချေလိုစိတ်နဲ့ မာဖီးယားတွေရဲ့ တရားမဝင် ငွေကြေးတွေကို အပြတ်အသတ် ရှင်းထုတ်ဖို့ ကြိုးစားရင်း တစ်ဖက်မှာလည်း အင်အားကြီး ရက်စက်တဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုလုံးရဲ့ အသည်းအသန် လိုက်လံနှိမ်နင်းတာကို ရင်ဆိုင်ရပါတော့တယ်။ အချိန်မရွေး အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်တွေကြားထဲကနေ ဉာဏ်ဆင်ပြီး အကွက်ကျကျ ဝင်တိုက်ရမယ့် သည်းထိတ်ရင်ဖို Heist အက်ရှင်ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
Ads
Ads