Korean Movie
Translated By Homietv
Streaming By KD247Tube
ဟန်ရှီဟျွန်းက ကိုရီးယားဘဏ် ငွေကြေးမူဝါဒ အဖွဲ့ရဲ့ အဖွဲ့မှုးဖြစ်ပြီး နိုင်ငံတော်ရဲ့ ငွေကြေးအခက်အခဲကိုကြိုတင်ခန့်မှန်းမိတာကြောင့် ဘဏ်ဥက္ကဌဆီကိုတင်ပြခဲ့ပါတယ် ပြည်သူတွေဆီကိုလည်း သတင်းအမှန်ကိုပေးဖို့ကြိုးစားခဲ့တဲ့သူပါ။ ဟွန်းဂျောင်ဟက်ကတော့ ကုန်သည်ဘဏ်အဖွဲ့အစည်းရဲ့အတိုင်ပင်ခံမန်နေဂျာဖြစ်ပြီး ရေဒီယိုအစီအစဉ်တစ်ခုကြောင့် နိုင်ငံတော်ရဲ့စီးပွားရေးအခြေအနေကိုသတိပြုမိပြီး ချက်ခြင်းဆိုသလို ဘဏ်ကနေအလုပ်ထွက်လိုက်ပါတယ်။ အဲ့နောက်မှာတော့ အကျပ်အတည်းကာလကို အခွင့်အရေးအဖြစ်အသုံးချပြီး အကျိုးမြတ်ရဖို့ကြိုးစားပါတော့တယ်။ ဂါ့ဆူကတော့ အသေးစားစက်ရုံပိုင်ရှင်တစ်ယောက်ဖြစ်ပြီး စီးပွားရေးအခြေအနေအကျပ်အတည်းကို မသိပဲ သူ့စက်ရုံက ပန်းကန်လုံးတွေကို ကုန်တိုက်မှာတင်သွင်းခွင့်ရအောင်ကြိုးစားနေသူတစ်ဦးပါ ဒီလို ကိုရီးယားရဲ့ IMF ငွေကြေးအကျပ်အတည်းကာလကို ဒီလူ၃ ယောက်ရဲ့ဇာတ်လမ်းကနေတစ်ဆင့် အသေအချာလေးရိုက်ကူးတင်ဆက်ပြသထားပါတယ်