The Ordinary Jackpot 2026 မြန်မာစာတန်းထိုး
ဘာသာပြန် Homietv
“ထီ ပထမဆု ပေါက်သွားရင် အလုပ်ကနေ ချက်ချင်း ထွက်စာတင်ပစ်မယ်” ဆိုတဲ့ အတွေးမျိုး သင်ရော တွေးဖူးပါသလား? ”The Ordinary Jackpot” ဇာတ်လမ်းထဲက ကုမ္ပဏီဝန်ထမ်း ဂုံအွန်းထယ် (Lee Joon-hyuk) ကတော့ အဲဒီလို မဟုတ်ပါဘူး။ ကံကောင်းစွာနဲ့ ဝမ် ၁.၃ ဘီလီယံ ထီ ပထမဆုကြီး ပေါက်သွားပေမဲ့ တစ်သက်လုံး အလုပ်ထွက်ပြီး ထိုင်စားဖို့ရာ နည်းနည်း မလုံလောက်သေးဘူးဆိုတဲ့ အတွေးနဲ့ ဘာမှမဖြစ်သလို ကုမ္ပဏီကို ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အရင်ကလို အလုပ်ပြုတ်မှာကြောက်ပြီး ဖိနှိပ်ခံရသမျှ ငြိမ်ခံနေမယ့် ဝန်ထမ်းအဖြစ်တော့ မဟုတ်တော့ပါဘူး။ သူ့နောက်မှာ “ဝမ် ၁.၃ ဘီလီယံ” ဆိုတဲ့ ဘဏ်စာရင်း ရှိနေပြီမို့လို့ အထက်လူကြီးတွေကို မကြောက်မရွံ့ ပြန်စိန်ခေါ်ရင်း အလုပ်ခွင်ထဲမှာ လွတ်လွတ်လပ်လပ် သောင်းကျန်းပါတော့တယ်။ ထီပေါက်ပြီး အလုပ်မထွက်ဘဲ “ပြုတ်ရင်လည်း မငတ်ဘူး” ဆိုတဲ့ စိတ်နဲ့ ရုံးတက်နေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အရွဲ့တိုက် ရယ်စရာ ဇာတ်ကွက်တွေကို မင်းသား Lee Joon-hyuk အပြင် Seo Hyun-woo, Oh Dae-hwan တို့လို မင်းသားကြီးတွေရဲ့ ဆန်းသစ်တဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ပေါ့ပေါ့ပါးပါး စိတ်ထွက်ပေါက်အဖြစ် ရှုစားကြရမှာဖြစ်ပါတယ်။
Ads
Episode 01
Episode 02
Episode 03
Episode 04
Ads