The Facade Of Love ဇာတ်လမ်းတွဲပါဝင်သူများအတည်ပြု

Netflix က “The Facade of Love” ဇာတ်လမ်းတွဲအသစ် ထုတ်လုပ်မယ်လို့ အတည်ပြုလိုက်ပါပြီ။

ဧပြီလ ၁၆ ရက်နေ့မှာ Netflix ရဲ့ လာမည့် “The Facade of Love” ဒရာမာဇာတ်လမ်းတွဲအတွက် သရုပ်ဆောင် Lee Dong Wook၊ Jeon So Nee၊ Jung Yu Mi နဲ့ Lee Jong Won တို့ ပါဝင်တဲ့ အဖွဲ့ကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။

“The World of the Married” ကို ဒါရိုက်တာလုပ်ခဲ့တဲ့ ဒါရိုက်တာ Mo Wan Il ရဲ့ စီမံကိန်းအသစ်ဖြစ်တဲ့ “The Facade of Love” ဇာတ်လမ်းမှာ အိမ်နဲ့ဝေးတဲ့နေရာမှာ အမျိုးသားနဲ့အမျိုးသမီး တစ်ယောက်ကိုတစ်ယောက် မေ့မရနိုင်တဲ့ ညတစ်ညကို အတူကုန်ဆုံးပြီးနောက် လူလေးဦးရဲ့ ဘဝတွေ ရှုပ်ထွေးသွားပုံကို ရုပ်လုံးဖော်သွားမည့်ဇာတ်လမ်းတွဲဖြစ်ပါတယ်

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကြောင်းကတော့ Ji Hun နဲ့ Hu Kyung တို့ မတော်တဆတွေ့ဆုံပြီး ကိုရီးယားကို ပြန်ရောက်တဲ့အခါမှာလည်း အချင်းချင်း ဆွဲငင်မှုကို မရပ်တန့်နိုင်တော့တဲ့အတွက် သူတို့ရဲ့ ဆက်ဆံရေးတွေမှာ အက်ကြောင်းတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာကို အဓိကထား ရုပ်လုံးဖော်ထားပါတယ်။

Lee Dong Wook က Ji Hun နေရာမှာ သရုပ်ဆောင်ထားပြီး သူဟာ စိတ်နဲ့ခံစားချက်ကြားမှာ ကွဲလွဲမှုတွေကြုံနေရတဲ့ အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပြီး

Jeon So Nee က Hu Kyung နေရာမှာ သရုပ်ဆောင်ထားပြီး ဒီဇာတ်ကောင်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆွဲဆောင်မှုရှိပြီး ဇာတ်လမ်းရဲ့ အဓိကကျောရိုးကို ကိုင်ထားသူဖြစ်ပါတယ်။

Jung Yu Mi က Ji Hun ရဲ့ဇနီး Sun Hee အဖြစ် သရုပ်ဆောင်ထားပြီး ထိတ်လန့်စရာ အမှန်တရားတစ်ခုကို ရင်ဆိုင်ရတဲ့ ဇာတ်ကောင်ရဲ့ ခံစားချက်တွေကို သိမ်မွေ့နူးညံ့စွာ ဖော်ကျူးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သူတို့နဲ့အတူ Lee Jong Won က Sun Hee ရဲ့ညီငယ် Dae Hee အဖြစ် သရုပ်ဆောင်ထားပြီး Hu Kyung နဲ့ ရောယှက်သွားတဲ့အခါ သည်းထိတ်ရင်ဖိုစရာတွေ ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ ဇာတ်ညွန်းဖတ်ပွဲကိုလည်းပြုလုပ်ခဲ့ပြီးပြီလို့လည်းသိရှိရပါတယ်။

Netflix မှာဘယ်တော့ထွက်လာမလဲဆိုတာကိုတော့ Stay Tuned

Source – Soompi

Categories: