The Scandal 2026 မြန်မာစာတန်းထိုး
ဂျိုဝန်း (Ji Chang-Wook) ဟာ ချောမောတဲ့ ရုပ်ရည်သွင်ပြင်၊ ထူးချွန်တဲ့ စာပေစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး မိန်းမတကာရဲ့ နှလုံးသားကို အလွယ်လေး ကြိုးကိုင်ခြယ်လှယ်နေတဲ့ ဂျိုဆွန်းခေတ်ရဲ့ နံပါတ်တစ် ပလေးဘွိုင်းဖြစ်ပေမဲ့လည်း သူ မရယူနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ငယ်စဉ်ကတည်းက ချစ်မြတ်နိုးလာခဲ့ရတဲ့ စာပေဖော်စာပေဖက်လည်းဖြစ် ဝမ်းကွဲလည်း ဖြစ်တဲ့ သခင်မဂျို (Son Ye-Jin) ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သခင်မဂျိုက ဂျိုဝန်းကို စာလွှာပါးဆင့်ခေါ်ကာ ခင်ပွန်းသည်ဖြစ်သူရဲ့ အငယ်အနှောင်းအဖြစ် ဝင်လာမဲ့ ဆိုအို့ဆိုသူကို ကိုယ်ဝန်ရအောင် လုပ်ပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်။ ဂျိုဝန်း ငမ်းငမ်းတက် တပ်မက်နေရတဲ့ သူ့ကိုယ်သူ ဆုလာဘ်အဖြစ် ပေးအပ်မယ်ဆိုတဲ့ အပေးအယူနဲ့ပေါ့။ ဂျိုဝန်းကလည်း ငယ်ရွယ်နုပျိုပြီး အတွေ့အကြုံမရှိသေးတဲ့ ဆိုအို့ကို ဖြားယောင်းဖို့ရာက သူ့အတွက် လွယ်လွန်းနေတယ်ဆိုပြီး မထိမ်းမြားခင်မှာ ခင်ပွန်းဆုံးပါးသွားလို့ အနှစ် ၂၀ ကျော်ကြာအောင် အပျိုစင်ဘဝကို စောင့်ထိန်းလာခဲ့တဲ့ မုဆိုးမ ဟီယွန်း (Nana) ကိုမှ မရရအောင် မြှူဆွယ်ပြပါမယ်လို့ စိန်ခေါ်လိုက်ရာမှာတော့…. မာယာပရိယာယ် အဖြာဖြာနဲ့ ဂျိုဝန်းက ဟီယွန်းကို ဘယ်လိုတွေ သွေးဆောင်ဖြားယောင်းသွားမလဲ… အဆုံးမှာ အောင်မြင်ပြီး သခင်မဂျို ချီးမြှင့်တဲ့ ဆုလာဘ်ကိုရော အရယူနိုင်ပါ့မလား…
Ads
Episode 01
Episode 02
Episode 03
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Ads